ယူကရိန်းမီဒီယာများ၏ ဇန်နဝါရီလ၂၀ရက်နေ့က သတင်းထုတ်ပြန်ချက်အရ နယ်သာလန်နိုင်ငံသည် ယူကရိန်းနိုင်ငံအား Patriot ဒုံးကျည်စနစ်အား ထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။
သက်ဆိုင်ရာသတင်းအရ နယ်သာလန် ကာကွယ်ရေး ဝန်ကြီးဌာနသည် ယူကရိန်းသို့ Patriot ဒုံးကျည်ပစ်လွှတ်ရေးစနစ်၂စုံနှင့် အရေအတွက်မသိသေးသောဒုံးကျည်များ ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း၊ ထို့အပြင် နယ်သာလန်နိုင်ငံသည် ယူကရိန်းစစ်သားများအား ဒုံးကျည်ပစ်လွှတ်မှုစနစ်၏ မှန်ကန်သောလုပ်ဆောင်မှုကို လေ့ကျင့်ပေးရာတွင်လည်း ကူညီပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။