နွေဦးပွဲတော်ဈေးကွက်အတွက် ငါးဖမ်းသမားများ ငါးဖမ်းနေကြ

(GMT+08:00)2023-01-21 13:45:32  

 လွန်ခဲ့သည်ရက်များတွင် နွေဦးပွဲတော်ဈေးကွက်အတွက် ဟိုပေပြည်နယ် တောင်ရှန်းမြို့ ဖုန်းနန် ရပ်ကွက်ရှိ ငါးပုစွန်မွေးမြူရေးသမားများသည် ရေကန်ထဲမှာ ရေခဲဖောက်ပြီး ငါးများကို  ဖမ်းယူနေကြပါသည်။  လွန်ခဲ့သည့်နှစ်များတွင် ဖုန်းနန် ရပ်ကွက်သည် ကောင်းမွန်သော ရေ အရင်းအမြစ်များနှင့် ဂေဟစနစ် အားသာချက်များကို အားကိုးပြီး ငါးပုစွန်မွေးမြူရေးလုပ်ငန်းကို  လုပ်ကိုင်ကာ လယ်သမားများ၏ ဝင်ငွေကို တိုးလာစေ၍ ကျေးလက်ဒေသ ရှင်သန်ရေးကို အကျိုးပြုစွမ်းဆောင်ခဲ့ပါသည်။