ခရီးသွား အေဂျင်စီများသည် အဖွဲ့လိုက် ခရီးသွားလာမှုများကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှစပြီး ပြန်လည် စမ်းသပ်ပြုလုပ်မည်

(GMT+08:00)2023-01-21 13:41:43  

      ဇန်နဝါရီလ ၂၀ ရက်နေ့က ခရီးသွားအေဂျင်စီများ၏ တရုတ်နိုင်ငံသားများ ပြည်ပသို့ အဖွဲ့လိုက် ခရီးသွားလာမှုများ ပြန်လည်ဆောင်ရွက်ရန် ကြေညာချက်ကို   တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှစပြီး တရုတ်ပြည် တစ်ပြည်လုံးရှိ ခရီးသွား အေဂျင်စီနှင့် အွန်လိုင်း ခရီးသွား ကုမ္ပဏီများသည် တရုတ်နိုင်ငံသားများ သက်ဆိုင်ရာနိုင်ငံများသို့ အဖွဲ့လိုက် ခရီးသွားလာမှုနှင့် သက်ဆိုင်ရာ လေယာဉ်လက်မှတ်ဝယ်ယူမှု၊ ဟိုတယ် တည်းခိုမှု လုပ်ငန်းများကို ပြန်လည် စမ်းသပ် ပြုလုပ်မည်ဖြစ်သည်။