အနောက်မီဒီယာများ ပြောနေကြတဲ့ “မှောင်မည်းမှု အချိန်အခါ”ဟာ အမှန်တော့ ထွန်းလင်းမှု အချိန်အခါပဲ ဖြစ်တယ်

(GMT+08:00)2023-01-21 13:41:00  

တရုတ် နွေဦးပွဲတော် ရုံးပိတ်ရက်ရှည် ခရီးသည်များ ပို့ဆောင်ခြင်းဟာ ကမ္ဘာပေါ်မှာ အတိုင်းအတာ အကြီးမားဆုံးသော လူများကို ရွေ့လျားခြင်းလို့ လူအများက ခေါ်ဝေါ်ကြတယ်။ ဇန်နဝါရီလ ၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်နိုင်ငံ ရထား၊ အဝေးပြေး ဘတ်စကား၊ ရေကြောင်းနဲ့ လေကြောင်းကနေ ပို့ဆောင်ပေးတဲ့ ခရီးသည်ဦးရေဟာ သန်း ၄၈၀ ကျော် ရှိပြီ ဖြစ်ပြီး ၊ ပြီးခဲ့တဲ့နှစ် အလားတူအချိန်ပိုင်းကထက် ၄၇.၁ ရာခိုင်နှုန်း တိုးလာပါတယ်။ တရုတ်နိုင်ငံက ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး မူဝါဒကို ပိုမို ကောင်းမွန်လာအောင် ပြုပြင်ခဲ့ပြီးနောက် တရုတ် လူ့ဘောင်အဖွဲ့အစည်းဟာ မကြုံဖူးသော ရှင်သန်အား‌တွေ ပေါ်လွင်လာနေပါတယ်။  

ဒါပေမယ့် တရုတ်နိုင်ငံရဲ့ စည်ကားသိုက်မြိုက် ရှင်သန်လာနေခြင်းကို ရင်ဆိုင်လျက် အနောက်မီဒီယာအချို့ကတော့ တရုတ်နိုင်ငံက ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး မူဝါဒ ပြုပြင်ရေးအတွက် ပြင်ဆင်မှုများ မပြုလုပ်သေးတာကြောင့် နွေဦးပွဲတော်ဟာ တရုတ်နိုင်ငံ ကပ်ရောဂါ အခြေအနေရဲ့“မှောင်မည်းမှု အချိန်အခါ” ဖြစ်မယ်လို့ အကြိမ်ကြိမ် ခန့်မှန်း သတင်းဖြန့်နေခဲ့တယ်။

တကယ်လို့ တရုတ်နိုင်ငံက ပြင်ဆင်မှုများ မပြုလုပ်သေးဘူး ဆိုရင် ဘာဖြစ်လို့ ကပ်ရောဂါဆိုင်ရာ “Bမျိုး B အဆင့် စီမံခန့်ခွဲမှု” မူဝါဒ ဖေါ်ဆောင်ခဲ့တာ ၁၁ ရက်အတွင်း တစ်ပြည်လုံး ပြည်နယ် အသီးသီးရှိ ဆေးရုံများရဲ့ ကိုယ်ပူရောဂါ အထူးကုဌာနများ၊ အရေးပေါ် ဌာနများနဲ့ ရောဂါ ပြင်းထန်သူ အထူးကုဌာနများမှာ လူနာများ အထွတ်အထိပ် အချိန်ကာလ ကုန်လွန်သွားခဲ့ပြီ ဖြစ်တာလဲ။ တကယ်လို့ တရုတ်နိုင်ငံက  ပြင်ဆင်မှုများ မပြုလုပ်သေးဘူး ဆိုရင် ဘာဖြစ်လို့ အခု စားသောက်ဆိုင်များမှာ လူကြိတ်ကြိတ်တိုး ဖြစ်နေတာလဲ ၊ ကုန်ထုတ်လုပ်မှုများ ပြန်လည် စတင်နေတာတွေ ၊ ပြည်ပသို့ ခရီးသွား အော်ဒါများ တရှိန်ထိုး တိုးလာတာတွေကို တွေ့မြင် ရတာလဲ။

ရှုပ်ထွေးမှု၊ ရှုံးနိမ့်မှု၊ ပြင်ဆင်ခြင်း ကင်းမဲ့မှုတွေဟာ ယခင်က အနောက်နိုင်ငံ အချို့တို့ရဲ့ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ ရှုံးနိမ့်ခဲ့တဲ့ ဖြစ်ရပ်တွေပဲ ဖြစ်တယ်။ အခု ကတော့ အဲဒီနိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ ဖြစ်ရပ်မှန်များကို မမြင်ချင်ယောင်ဆောင်ပြီး မဟုတ်မမှန် နာမည်ဆိုးတွေကို တရုတ်နိုင်ငံအပေါ် တပ်ထားဖို့ လုပ်ဆောင်နေတယ်။ ရည်ရွယ်ချက်က တရုတ်ဖွံ့ဖြိုးမှုကို ဟန့်တားဖို့ပဲ ဖြစ်တာ ထင်ရှားပြီး အဲဒီကြံဆမှုဟာ သေချာပေါက် ရှုံးနိမ့်သွားမယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။