နိုင်ငံများစွာမှ ပုဂ္ဂိုလ်များသည် တရုတ်ပြည်သူများ နှစ်သစ်ကူး နွေဦးပွဲတော် ပျော်ရွှင်ပါစေဟု ဆုတောင်း

(GMT+08:00)2023-01-21 13:42:31  

        တရုတ်ရိုးရာသက္ကရာဇ် နှစ်သစ်ကူး နွေဦးပွဲတော် ရောက်လာတော့မည့် အခါသမယတွင် နိုင်ငံများစွာမှ ပုဂ္ဂိုလ်များသည် တရုတ်ပြည်သူများ နှစ်သစ်ကူး နွေဦးပွဲတော် ပျော်ရွှင်ပါစေဟု ဆုတောင်းကြသည်။

         ထိုင်းဝန်ကြီးချုပ် ပရာယွတ်က မိမိသည် ထိုင်းအစိုးရနှင့် ထိုင်းပြည်သူများကိုယ်စား တရုတ်ခေါင်းဆောင်များ၊ အစိုးရနှင့် ပြည်သူများအား ချမ်းမြေ့ပျော်ရွှင် မင်္ဂလာအပေါင်းနှင့် လိုအင်ဆန္ဒပြည့်ဝပါစေဟု ဆုတောင်းကြောင်း၊ ယင်းသည် ထိုင်းပြည်သူများ အားလုံး၏ နှစ်လုံးသားထဲမှ အရိုးသားဆုံး ဆုတောင်းမှုဖြစ်ကြောင်း ပြောကြားသည်။

        ဒါ့အပြင် ကမ္ဘာ့စီးပွားရေးဖိုရမ် အမှုဆောင် ဒါရိုက်တာ ဂျယ်ရီမီ ယယ်ကင်စ်ကလည်း တရုတ် မိတ်ဆွေများ နှစ်သစ်ကူး နွေဦးပွဲတော် ပျော်ရွှင်ပါစေဟု ဆုတောင်းပေးသလို ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဘီလာဝါလ်က တရုတ်ပြည်သူများ နှစ်သစ်ကူး နွေဦးပွဲတော် ပျော်ရွှင်ပါစေ၊ ယုန်နှစ် ပျော်ရွှင်ပါစေဟု ဆုတောင်းပြီး နှစ်သစ်တွင် ပါကစ္စတန်-တရုတ်ဆက်ဆံမှုကို အဆင့်သစ်သို့ မြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။