ကမ္ဘာ့ပထမဆုံး bionic ပန်ဒါစက်ရုပ် "Xiaochuan" ကို တရားဝင် ပြသ

(GMT+08:00)2023-01-21 13:44:34  

  ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စီချွမ်းပြည်နယ် ချင်တူးမြို့ရှိ ပန်ဒါမွေးမြူရေးသုတေသနစခန်းတွင်   bionic ပန်ဒါစက်ရုပ် "Xiaochuan" ကို စတင်ပြသခဲ့သည်။ ယခုအကြိမ်ပြသခဲ့သည့် bionic ပန်ဒါစက်ရုပ်သည် ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်ပြီး တရုတ်နိုင်ငံသိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ စက်ရုပ်ဓာတ်ခွဲခန်းမှ တီထွင်ထားသည့် Multi-modal အပြန်အလှန် တုံ့ပြန်သော စက်ရုပ်များ၏ နောက်ဆုံးမော်ဒယ်ဖြစ်သည်။ ပန်ဒါစက်ရုပ် "Xiaochuan" သည် စိတ်ခံစားမှု အနေအထားအဆင့်နှင့် အမျိုးအစားအားဖြင့် ကလေးများနှင့် ပိုမို ကောင်းမွန်စွာ အပြန်အလှန် ကူးလူးဖလှယ်နိုင်သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။