China Media Group နွေဦးပွဲတော် အနုပညာပဒေသာကပွဲ ပရိုမိုးရှင်းဗီဒီယို ကန် ရုပ်ရှင်ရုံတွင် ပြသ

(GMT+08:00)2023-01-20 14:18:37  

China Media Group နွေဦးပွဲတော်အကြိုည အနုပညာပဒေသာကပွဲသည် ပြည်တွင်းပြည်ပ တရုတ်လူမျိုးတို့အတွက် နှစ်စဉ်နှစ်တိုင်းနွေဦးပွဲတော်အတွင်းတွင် အကြီးမားဆုံးသော မျှော်လင့်ချက် ဖြစ်ပါသည်။ တရုတ်ရိုးရာနှစ်သစ်ကူးနွေဦးပွဲတော် ကျရောက်တော့မည့် အခါသမယတွင် China Media Group မှ ထုတ်လုပ်သည့် ယုန်နှစ် နွေဦးပွဲတော် အနုပညာပဒေသာကပွဲ ပရိုမိုးရှင်းဗီဒီယိုကို အမေရိကန် ရုပ်ရှင်ရုံများ၊ အားစကားပြိုင်ပွဲများတွင် ပြသပြီး တရုတ်နိုင်ငံ၏ ပွဲတော်နေ့ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံများကို ပြသပါသည်။

ဇန်နဝါရီလ ၁၆ရက်နေ့မှစ၍ China Media Group နွေဦးပွဲတော် အနုပညာပဒေသာကပွဲ ပရိုမိုးရှင်းဗီဒီယိုကို အမေရိကန်နိုင်ငံတွင် အတိုင်းအတာ အကြီးမားဆုံးသော AMC ရုပ်ရှင်ရုံများနှင့် Regal ရုပ်ရှင်ရုံများတွင် ပြသပါသည်။ ဇန်နဝါရီလ ၉ရက်နေ့မှစ၍ ဟောလိဝုဒ်အထင်ကရအဆောက်အအုံဖြစ်သည့် TCL Chinese Theatre တွင်လည်း China Media Group နွေဦးပွဲတော် အနုပညာပဒေသာကပွဲ ပရိုမိုးရှင်းဗီဒီယိုကို ပြသပါသည်။ ထို့အပြင် နွေဦးပွဲတော်အတွင်းတွင် NBA ဘတ်စကက်ဘောပြိုင်ပွဲများတွင် China Media Group နွေဦးပွဲတော် အနုပညာပဒေသာကပွဲ ပရိုမိုးရှင်းဗီဒီယိုကိုလည်း ပြသပါသည်။