ရှီကျင့်ဖိန်၏ နှစ်သစ်ကူးလှုပ်ရှားမှုများ

(GMT+08:00)2023-01-20 12:40:25  

တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်သည် တရုတ်လူမျိုးများအတွက် တစ်နှစ်တာအတွင်းအရေးကြီးဆုံးပွဲတော်တစ်ခု ဖြစ်ပါသည်။ တရုတ်လူမျိုးများ၏ နွေဦးပွဲတော်တွင် မိသားစုများ၏ ပျော်ရွှင်စွာ ပြန်လည်ဆုံဆည်းမှုများ၊  အစစအရာရာအဆင်ပြေချောမွေ့သဟဇာတဖြစ်ကာစည်ပင်သာယာဝပြောတိုးတက်ခြင်းစသည့် အဓိပ္ပါယ်များစွာကိုပေါင်းစပ်ထားပါတယ်။

 “ဖန်သားပြင်ခြားနေပေမယ့်လည်း နိုင်ငံတစ်ဝန်းမှာ ပြည့်နှက်နေတဲ့ နှစ်သစ်ကူးအငွေ့အသက်တွေ၊ အားလုံးရဲ့ ပျော်ရွှင်ချမ်းမြေ့မှုနဲ့ ကြည်နူးမှုတွေကို ကျွန်တော် ခံစားမိပါတယ်။ ကျွန်တော့်ရဲ့နှလုံးသားဟာတိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့ အမြဲတမ်းချိတ်ဆက်နေပါတယ်။”

ဤသည်မှာဇန်နဝါရီလ ၁၈ ရက်နေ့၊ နွေဦးပွဲတော် နီးကပ်လာချိန် ရှီကျင့်ဖိန်ကဘေကျင်း၌ အခြေခံအလွှာမှ ကေဒါများနှင့် ပြည်သူများကိုဗီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သော ရင်းရင်းနှီးနှီးအားပေးစကားပဲဖြစ်ပါသည်။

နှစ်သစ်ကူးနွေဦးပွဲတော် နီးကပ်လာသည့်အခါတိုင်းရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ၏ ဒေသအနှံ့သို့ သွားရောက်၍ ပြည်သူများကိုကိုယ်တိုင်သွားရောက်တွေ့ဆုံအားပေးနှုတ်ခွန်းဆက်လေ့ရှိပါသည်။ အားလုံးနှင့်အတူစကားစမြည်ပြောဆိုပြီးအခက်အခဲများကိုမေးမြန်းကာနှစ်သစ်ကူးအတွက် စီစဉ်ထားမှုများကိုနားထောင်ပြီးအားလုံးနှင့်အတူ နှစ်သစ်ကူးကိုကြိုဆိုသည့် ပျော်ရွှင်ကြည်နူးမှုများကိုအတူခံစားလေ့ရှိပါသည်။ ၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အဆင့်မြင့်ဆုံးခေါင်းဆောင် ဖြစ်လာခဲ့ချိန်တည်းကရှီကျင့်ဖိန်၏ နှစ်သစ်ကူးလှုပ်ရှားမှုများသည် ဝေးလံခေါင်သီသောအနောက်ပိုင်း၊တောင်ပိုင်းနှင့်မြောက်ပိုင်းရှိအဆင်းရဲဆုံးကျေးရွာများအထိသွားရောက်ခဲ့သလိုအနုတ် ၃၀ ဒီဂရီစင်တီဂရိတ်ကျော်ရှိသည့် ဖြူဖွေးသောဆီးနှင်းများဖုံးလွှမ်းနေသောတပ်စခန်းများနှင့် တောတောင်ဒေသများအထိရောက်ရှိခဲ့ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၅၀၀ မြင့်မားသောတိုင်းရင်းသားလူနည်းစုကျေးရွာများကိုလည်းသွားရောက်ခဲ့သလိုစူပါမားကတ်နှင့် ဟင်းသီးဟင်းရွက်ဈေးပါမကျန်သွားရောက်ခဲ့ပါသည်။ မိဘမဲ့ဂေဟာများမှ ကလေးငယ်များကိုလည်းသွားရောက် နွေးထွေးမှုပေးသလိုပြည်သူအချို့ကိုလည်းနှစ်သစ်ကူးပစ္စည်းများကိုယ်တိုင်လက်ဆောင်ပေးကာအတူတကွ ဖက်ထုပ်လုပ်ရင်း နှစ်သစ်ကူးနွေဦးပွဲတော်ကိုပျော်ရွှင်စွာပြည်သူများနှင့်အတူတစ်သားတည်းဆင်နွှဲခဲ့ပါသည်။