China Meida Group မှ တရုတ်နှစ်သစ်ကူး မီးအလင်းပြမှုကို ကမ္ဘာ့အမြင့်ဆုံးမျှော်စင်ပေါ် တွင် ပြသမည်

(GMT+08:00)2023-01-20 14:19:33  

တရုတ်ရိုးရာနှစ်သစ်ကူးနွေဦးပွဲတော်ရောက်ခါနီးတွင် China Meida Group မှ ပြုလုပ် သည့် တရုတ်နှစ်သစ်ကူး မီးအလင်းပြမှုကို ယခုလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဒူဘိုင်း နာမည်ကျော်နေရာ၊ ကမ္ဘာ့အမြင့်ဆုံးမျှော်စင် Burj Khalifa ပေါ်တွင် ပြသပြီး ကမ္ဘာအား တရုတ်နိုင်ငံမှ မွန်မြတ်သော ဆုမွန်ကောင်း တောင်းကြောင်းကို ဖော်ပြသွားမည်ဖြစ်ပါသည်။

တရုတ်နိုင်ငံမှ အရေးအကြီးဆုံး ရိုးရာပွဲတော်အနေနှင့် နွေးဦးပွဲတော်သည် ၄င်း၏ တမူထူးခြားသော ကျက်သရေရှိမှုဖြင့် ကမ္ဘာတစ်ဝှမ်းမှ ကျယ်ပြန့်သော အာရုံစိုက်မှုကို ဆွဲဆောင်လျက်ရှိပါသည်။