တပ်မတော်အနေဖြင့် စစ်ရင်ဆိုင်ရေးအတွက် အသင့်ပြင်ဆင်ထားမှု လုပ်ငန်းကို ရှီကျင့်ဖိန် စစ်ဆေး

(GMT+08:00)2023-01-20 14:18:14  

တရုတ်ရိုးရာနှစ်သစ်ကူးနွေဦးပွဲတော် ကျရောက်တော့မည့် အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံသမ္မတ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ဇန်နဝါရီလ ၁၈ရက်နေ့က ဘေကျင်းမြို့ တွင် ဗီဒီယိုပုံစံဖြင့် တပ်မတော် စစ်ရင်ဆိုင်ရေးအတွက် အသင့်ပြင်ဆင်ထားမှု လုပ်ငန်းကို စစ်ဆေးပြီး သက်ဆိုင်ရာတပ်ဖွဲ့များအား ခင်မင်ရင်းနှီးစွာ နှစ်သိမ့် အားပေးခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် ဗဟိုစစ်ရေးကော်မရှင် ကိုယ်စား တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်မှူးတပ်သားများ၊ ရဲတပ်ဖွဲ့မှ တပ်မှူးတပ်သားများ၊ တပ်မတော် အရပ်ဘက်အမှုထမ်းများ၊ ပြည်သူ့စစ် အဖွဲ့ အရံစစ်မှုထမ်းများအား နှုတ်ခွန်းဆက်သပြီး နွေဦးပွဲတော် ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ရှီကျင့်ဖိန် က တရုတ်ရိုးရာနှစ်သစ်ကူးနွေဦးပွဲတော် ကျရောက်တော့မည့် အခါသမယတွင် တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများ ပျော်ရွှင်၊ အေးချမ်းသာယာသော နှစ်သစ်ကူးနွေဦးပွဲတော်ကို ဆင်နွှဲနိုင်ရန်အတွက် တပ်မတော် အနေဖြင့် စစ်ရင်ဆိုင်ရေးအတွက် အသင့်ပြင်ဆင်ထားမှု တာဝန်ထမ်းဆောင်ခြင်းကို အားသစ်လောင်းပေးရကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် လူမှုရေး တည်ငြိမ်မှုကို ပြတ်ပြတ်သားသားကာကွယ်ထိန်းသိမ်းပြီး ဖြစ်ပွားနိုင်ဖွယ်ရှိသော ဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ အရေးပေါ်တာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်ရကြောင်း မှာကြားခဲ့ပါသည်။