ရုရှားစစ်တပ်တပ်ဖွဲ့ဝင်ဦးရေ ၁၅သိန်းအထိ တိုးချဲ့မည်

(GMT+08:00)2023-01-19 14:28:51  

ဇန်နဝါရီလ ၁၇ရက်နေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီးShoyguက ၂၀၂၃ခုနှစ်မှ ၂၀၂၆ခုနှစ် အတွင်း ရုရှားစစ်တပ်ကိုအကြီးစားပြုပြင်ပြောင်းလဲခြင်း၊တပ်ဖွဲ့ဝင် ဦးရေတိုးခြင်း၊ စစ်အုပ်ချုပ်ရေးဒေသစီမံခန့်ခွဲခြင်းစသည့် အစီအစဉ်များကိုအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၄င်းအနက် တပ်ဖွဲ့ဝင်ဦးရေကို ၁၅သိန်း အထိတိုးချဲ့မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ရုရှားသမ္မတပူတင်သည် Shoiguကတင်ပြထားသောရုရှားစစ်တပ် ပြုပြင်ပြောင်းလဲမှုဆိုင်ရာအကြံပြုချက်များကိုသဘောတူပြီးယင်းအစီအစဉ်များကို ၂၀၂၃ခုနှစ်တွင် စတင် အကောင်အထည်ဖော်ဆောင်မည်ဖြစ်ကြောင်းကြေညာခဲ့ပါသည်။