ကိဗ် ရဟတ်ယာဉ်ပျက်ကျမှုကြောင့်သေဆုံးသူများထဲ တွင် ယူကရိန်းပြည်ထဲရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ ပါဝင်

(GMT+08:00)2023-01-19 14:24:38  

ရဟတ်ယာဉ်တစ်စင်း ယူကရိန်းနိုင်ငံ ကိဖ်ပြည်နယ်တွင် ပျက်ကျပြီး မီး လောင်ခဲ့ကြောင်း ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၈ရက်နေ့က ယူကရိန်းနိုင်ငံ သမ္မတရုံး ဒုတိယဥက္ကဋ္ဌ၏ ပြောဆိုချက်ကို ကိုးကား၍ ယူကရိန်းမီဒီယာများက ရေးသားဖော်ပြခဲ့ကြပါသည်။ ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ရဟတ်ယာဉ်ပျက်ကျမှုတွင် ပါဝင်ပြီး သေဆုံး သွားခဲ့ကြကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ယူကရိန်းနိုင်ငံသမ္မတ ဗလောင်ဒီမီယာ ဇလန်းစကီး က မိမိအနေဖြင့် ယူကရိန်းနိုင်ငံတော်လုံခြုံရေးဌာန၊ နိုင်ငံတော်ရဲဌာနနှင့် အခြားဥပဒေစိုးမိုးရေး ဌာနများ ပူးပေါင်းဆောင်ရွက်ပြီး ရဟတ်ယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးရန် မှာကြားခဲ့ကြောင်း ဇန်နဝါရီလ ၁၈ရက်နေ့က ဆိုရှယ်မီဒီယာတွင် ဖော်ပြခဲ့ပါသည်။