Itaewon လူအုပ်တိုးဝှေ့မှု ဖြစ်ပွားခဲ့သောနေရာမှ ရဲချုပ်ဟောင်းနှင့်ဝန်ထမ်းများအား ရှေ့နေရုံးက တရားစွဲဆိုထားကြောင်း တောင်ကိုရီးယားမီဒီယာမှ ထုတ်ပြန်

(GMT+08:00)2023-01-19 14:26:58  

ဆိုးလ်မြို့အနောက်ပိုင်းဒေသန္တရ ရှေ့နေရုံးသည် ၁၈ရက်နေ့က Itaewon လူအုပ်ကြီးတိုးဝှေ့နင်းမိမှုကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းမှုမရှိသော ဆိုးလ်မြို့ Yongsanရပ်ကွက် ရဲချုပ်ဟောင်းLee Im-jae  နှင့် Yongsanရဲစခန်း (၁၁၂)အရေးပေါ် hotline စခန်းမှ တာဝန်ခံဟောင်း Song Byeong-juတို့အား တရားစွဲဆိုခဲ့ကြောင်း၊ Lee Im-jae အနေနှင့် မတော်တဆမှု ဖြစ်ပွားမည်ဟု ကြိုတင်ခန့်မှန်းနိုင်ခဲ့သောအခြေအနေမျိုးတွင် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်ကို မကျင့်သုံးသည့်အပြင် လမ်းပန်းဆက်သွယ်ရေးပိတ်ပင်ထိန်းချုပ်ရေး၊ မိုဘိုင်းရဲအဖွဲ့ချထားရေးကို အချိန်မီ မဆောင်ရွက်ခဲ့သောကြောင့် နစ်နာဆုံးရှုံးမှု များ ဖြစ် စေကာ အမှတ်တမဲ့ လူသေကြေဒဏ်ရာရရှိမှုဖြစ်စေသော ပြစ်မှုကျူးလွန်မှု ရှိတာကို ရှေ့နေရုံးမှ စွပ်စွဲထားကြောင်း၊ တောင်ကိုရီးယား Yonhap သတင်းဌာနမှ ထုတ်ပြန်ချက်အရ သိရပါသည်။