ရှီကျင့်ဖိန်သည် အောက်ခြေအဆင့် ကေဒါခေါင်းဆောင်နှင့် ပြည်သူလူထုများအား တွေ့ဆုံနှစ်သိမ့် အားပေးပြီး တစ်ပြည်လုံး တိုင်းရင်းသား လူမျိုးစု ပြည်သူများအား နွေဦးပွဲတော် နှုတ်ခွန်ဆက်သကြောင်း ဖော်ပြ

(GMT+08:00)2023-01-19 09:37:54  

တရုတ် ရိုးရာ နွေဦးပွဲတော် ကျရောက်တော့မည့် အခါသမယတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီဒီယို  စနစ်ဖြင့် အောက်ခြေအဆင့် ကေဒါခေါင်းဆောင်များနှင့် ပြည်သူလူထုများအား  တွေ့ဆုံပြီး နှစ်သိမ့်အားပေးခဲ့ရာတွင် တစ်ပြည်လုံး တိုင်းရင်းသား လူမျိုးစု ပြည်သူများအား နွေဦးပွဲတော် နှုတ်ခွန်းဆက်သကြောင်း၊ တိုင်းရင်းသား လူမျိုးစု ပြည်သူများ ကျန်းမာပါစေ၊ တစ်အိမ်သားလုံး ချမ်းမြေ့သာယာပါစေ၊ လုပ်ငန်း တိုးတက်ပါစေ၊ တရုတ် ရိုးရာ ယုန်နှစ်တွင် ကျက်သရေ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေ၊ မွန်မြတ်သော အမိနိုင်ငံ စည်ပင်သာယာပါစေဟု ဆုမွန်ကောင်း တောင်းကြောင်း ပြောကြားပါသည်။

ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ဌာနရှိ သက်ကြီးရွယ်အိုများနှင့် ဝန်ထမ်းများသည် ရှီကျင့်ဖိန်ကို နှုတ်ခွန်းဆက်သကြောင်း အသီးသီး ဖော်ပြကြပြီး ရှီကျင့်ဖိန်သည် ၄င်းတို့ကို တရုတ် ရိုးရာနှစ်သစ် နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်းခြင်းကို ပြုလုပ်ခဲ့ပါသည်။

ရှီကျင့်ဖိန်သည် ကိုဗစ် ၁၉ ကပ်ရောဂါ အခြေအနေ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါဖြစ်ပွားသူများအား ကုသကယ်ဆယ်ရေး လုပ်ငန်းကို လွန်စွာ အရေးထား ဂရုစိုက်ပါသည်။ ၄င်းသည် ဟေးလုံးကျန်း ပြည်နယ် ဟာရ်ဘင် ဆေးပညာ တက္ကသိုလ် လက်အောက်ခံ အမှတ် ၁ ဆေးရုံနှင့် ဗီဒီယို  စနစ်ဖြင့် ဆက်သွယ်ရာတွင် ဆေးဝန်ထမ်းများနှင့် ဆေးရုံတက်သော လူနာများနှင့် ရင်းရင်းနှီးနှီး စကားပြောကြားပြီး ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်များကို ပြင်ဆင်ချိန်ညှိခဲ့သည့် နောက်ပိုင်းတွင်  လူနာများအား ကုသမှု၊ ဆေးဝါးပြင်ဆင်မှုနှင့် လူနာနာလန်ပြန်ထူမှု စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ သေသေချာချာ ဂရုတစိုက် မေးမြန်းခဲ့ပါသည်။

    ရှီကျင့်ဖိန်သည် ဗီဒီယို  စနစ် ဖြင့် ရထားလမ်း သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများကိုလည်း   တွေ့ဆုံပြီး နှစ်သိမ့်အားပေးခဲ့ပါသည်။

စီချွမ်းပြည်နယ် မြန်ယန်မြို့ ပေချွမ်း-ချန်းလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ခရိုင် ရှီယီရွာသည် ဝင့်ချွမ်း ငလျင်ဘေးဒဏ် ခံခဲ့ရသည့်နောက်ပိုင်းတွင် ပြန်လည်ထူထောင်သည့် ကျေးရွာတစ်ရွာ ဖြစ်ပြီး ယခုတွင် ပြည်လုံးဆိုင်ရာ ယဉ်ကျေးမှုရွာ ဖြစ်လာပြီ ဖြစ်ပါသည်။ ရှီကျင့်ဖိန်သည် ဗီဒီယို  စနစ်ဖင့် ရှီယီရွာ ကေဒါခေါင်ဆောင်များ၊ ခရီးသည်များနှင့် ဆက်သွယ်ခဲ့ရာ ခေတ်ကာလသစ်တွင် ကျေးလက်ဒေသ ရှင်သန်ရေး ဆောင်ရွက်ရာ၌ ထူးခြားချက်ရှိသည့် လယ်ယာထွက်ကုန်များနှင့် ကျေးလက်ဒေသ ခရီးသွား လုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့အပြင်၊ ရှီကျင့်ဖိန်သည် တာလီမူ ရေနံမြေ ကုမ္ပဏီ လွင်နန်-ရေနံနှင့် သဘာဝ ဓါတ်ငွေ့ သိုလှောင်ရေးနှင့် ပို့ဆောင်ရေး စင်တာ “တရုတ်ပြည် အနောက်ပိုင်းထွက် သဘာဝ ဓါတ်ငွေ့ကို အရှေ့ပိုင်းသို့ ပို့ဆောင်ရေး” လုပ်ငန်းအစီအစဉ်၏ ပထမ စခန်းဖြစ်သည့် ခလာ-သဘာဝ ဓါတ်ငွေ့ စုဆောင်းရေးဇုန်နှင့် ဗီဒီယို  စနစ်ဖြင့် ဆက်သွယ်ရာတွင် ပြည်သူလူထုများ ပျော်ရွှင်မှု များနှင့်ပြည့်စုံကာ မင်္ဂလာရှိသော နွေဦးပွဲတော်ကို ဆင်နွှဲနိုင်အောင် ဇုန်နယ်တွင် အလုပ်လုပ်ကိုင်ကြသော ဝန်ထမ်းများအားလုံး တာဝန်ကို စွဲမြဲစွာ ထမ်းဆောင်ပြီး သဘာဝ ဓါတ်ငွေ့ ပို့ဆောင်ရေး လုပ်ငန်းကို ကောင်းမွန်စွာ ဆောင်ရွက်ရန် ညွှန်ကြားပြောဆိုခဲ့ပါသည်။