တရုတ်-လာအိုမီးရထားသည် အာဆီယံဒေသခံတို့အတွက် ကွမ်တုံကုန်ပစ္စည်း များ ပို့ဆောင်ပေး

(GMT+08:00)2023-01-19 14:24:03  

ဇန်နဝါရီလ ၁၂ရက်နေ့က ကွန်တိန်နာအလုံး၅၀ တင်ဆောင်ထားသော တရုတ်-လာအို နိုင်ငံတကာကုန်တင်မီးရထားတစ်စင်း တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကွမ်ကြိုးမြို့ Zengcheng မီးရထား Logistics Park ကနေ စတင်ထွက်ခွာခဲ့ပါသည်။ ၄င်းမှာ ကွမ်တုံ-ဟောင်ကောင်-မကာအို Greater Bay Area မှ ပြေးဆွဲခဲ့သည့် အစင်း ၁၀၀မြောက် တရုတ်-လာအို နိုင်ငံတကာ ကုန်တင်မီးရထားဖြစ်ပါသည်။ တရုတ်-လာအိုချစ်ကြည်ရေး အထင်ကရလုပ်ငန်းအဖြစ် တရုတ်-လာအိုနှစ်နိုင်ငံ တို့သည် အပြန်အလှန်အကျိုးရရှိစေဖို့အတွက် မြန်နှုန်းမြင့်ရထား ၏ ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်များကို နှစ်နိုင်ငံပြည်သူများအား ခံစားစေပြီး စီးပွားရေးတည်ဆောက်မှုနှင့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးတို့ကို အဆင့် ကဏ္ဍသစ်သို့ ရောက်ရှိစေကာ ပိုမိုစည်ပင်သာယာဝဖြိုးသော အနာဂတ်ကို ရရှိရန်  ကြိုးပမ်းဆောင်ရွက်နေကြပါသည်။