နိုင်ငံခြား ဘာသာများဖြင့် တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အစီရင်ခံစာ၏ လုံးချင်းစာအုပ်နှင့် “တရုတ် ကွန်မြူနစ်ပါတီ စည်းမျဉ်းဥပဒေ”စာအုပ်များ ထုတ်ဝေ

(GMT+08:00)2023-01-19 16:36:08  

 ရဲဘော် ရှီကျင့်ဖိန်သည် ၂၀၂၂ခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် “တရုတ်ဝိသေသ ထူးခြားချက်ပါ ဆိုရှယ်လစ် အလံတော်ကို လွှင့်ထူပြီး ဆိုရှယ်လစ် ခေတ်မီနိုင်ငံ ဘက်စုံ တည်ဆောက်ရေး အတွက် စည်းလုံးညီညွတ်ကာ အားထုတ်ကြိုးပမ်းကြ”ဟူသော ခေါင်းစဉ်ဖြင့် တင်ပြခဲ့သော အစီရင်ခံစာနှင့် တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံမှ စိစစ်အတည်ပြုခဲ့သော “တရုတ် ကွန်မြူနစ်ပါတီ စည်းမျဉ်းဥပဒေ”၏ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ အာရပ်၊ စပိန်၊ ပေါ်တူဂီ၊ ဂျာမနီ၊ ဂျပန်၊ ဗီယက်နမ်နှင့် လာအို စသည့် ဘာသာ ၁၁မျိုးဖြင့် စာအုပ်များကို ယခုလ ၁၉ရက်နေ့က တရားဝင် ထုတ်ဝေခဲ့ပါသည်။