နီပေါခရီးသည်တင်လေယာဉ် ပျက်ကျမှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ရှီကျင့်ဖိန် မှ Bidhya Devi Bhandari ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2023-01-18 18:09:45  

ဇန်နဝါရီလ ၁၆ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် နီပေါနိုင်ငံတွင် ခရီးသည်တင်လေယာဉ် ပျက်ကျမှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ နီပေါနိုင်ငံသမ္မတ Bidhya Devi Bhandari ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန် က နီပေါနိုင်ငံတွင် ခရီးသည်တင်လေယာဉ် ပျက်ကျမှု ဖြစ်ပွားပြီး လူသေကျေအနာတရဖြစ်မှု များစွာဖြစ်ပွားခြင်းကို ကြားသိရကြောင်း၊ မိမိအနေဖြင့် တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများကိုယ်စား ဖြစ်စဉ်မှာ သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲပြီး သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုဝင်များအား နှစ်သိမ့်အားပေးသည်ဟု ပြောကြားလိုကြောင်း ဖော်ပြခဲ့ပါသည်။

ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန် သည်လည်း နီပေါ နိုင်ငံဝန်ကြီးချုပ် Prachanda ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။