လျူဟို့သည် ၂၀၂၃ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား

(GMT+08:00)2023-01-18 18:10:29  

တရုတ်နိုင်ငံတော်ကောင်စီဒုတိယဝန်ကြီးချုပ် လျူဟို့သည် ဇန်နဝါရီလ ၁၇ရက်နေ့က ဒါဗို့စ်၌ ကျင်းပသည့် ၂၀၂၃ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

လျူဟို့က တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို အောင်မြင်စွာကျင်းပပြီးစီးပြီးနောက် ရဲဘော်ရှီကျင့်ဖိန်ကို အမြုတေအဖြစ်ထားသော ဗဟိုခေါင်းဆောင်အဖွဲ့သစ်ကို ရွေးချယ်တင်မြှောက်ကာ လာမယ့် (၅)နှစ်မကဘဲ ပိုကြာရှည်သောကာလအတွင်း တရုတ်ပုံစံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးကျယ်သော စီမံကိန်းကြီးကို ရေးဆွဲထားကြောင်း ပြောကြားပါသည်။

တရုတ်နိုင်ငံ၏ အခြေခံနိုင်ငံတော်အခြေအနေကြောင့် ပြင်ပအား တံခါးဖွင့်ရပြီး ပြင်ပအား တံခါးဖွင့်သောအရည်အချင်းနှင့်အဆင့်အတန်းကို အဆက်မပြတ်မြှင့်တင်ရ ကြောင်း၊ မိမိတို့သည် တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ကို ကန့်ကွက်ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကို ဘက်စုံအားဖြည့်ပြုလုပ်ရန် တွန်းအားပေးကြောင်း လျူဟို့က ပြောကြားခဲ့ပါသည်။