တရုတ်နွေဦးပွဲတော် ကြိုဆိုရန်မျိုးဆက် ၇ဆက်ရှိသည့်ကိုအာလာမိသားစုကြီးကို ပြသ

(GMT+08:00)2023-01-18 18:11:39  

ဇန်နဝါရီလ ၁၇ရက်နေ့တွင် တရုတ်နိုင်ငံကွမ်ကျိုးမြို့ ချန်လုံး တောရိုင်းတိရစ္ဆာန်ရုံတွင် တရုတ်နွေဦးပွဲတော် ကြိုဆိုရန် မျိုးဆက် ၇ဆက်ရှိသည့် ကိုအာလာ ၆၆ကောင်ကို စုစည်းပြသပါသည်။ ၄င်းတို့အနက် ၂၀၀၄ ခုနှစ်တွင် မွေးဖွားခဲ့သော "Taotao" သည် သြစတြေးလျနိုင်ငံမှ တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် ပထမဆုံးတစ်သုတ် ကိုအာလာများထဲမှ တစ်ကောင်ဖြစ်ပြီး ၂၀၂၂ခုနှစ်တွင် မွေးဖွားခဲ့သော "Baobao" သည် ချန်လုံးတောရိုင်းတိရစ္ဆာန်ရုံ၏ သတ္တမမြောက် ကိုအာလာမျိုးဆက်ဖြစ်ပါသည်။