ကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သို့ လာရောက်လည်ပတ်ရန် ကြိုဆိုသည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-01-18 18:09:08  

 ဇန်နဝါရီလ ၁၇ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ကြိုဆိုကြောင်း၊ တရုတ်-အမေရိကန်နှစ်နိုင်ငံတို့သည် သက်ဆိုင်ရာ အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးနေကြကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က တရုတ်နိုင်ငံအနေဖြင့် တစ်ဦးကို တစ်ဦးက လေးစားခြင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရရှိစေခြင်းဟူသော သမ္မတ ရှီကျင့်ဖိန် မှ တင်ပြသည့် မူ၃ခုဖြင့် တရုတ်-အမေရိကန် ဆက်ဆံမှုကို အစဉ်တစိုက် ရှေ့ရှုပြီး ဖွံ့ဖြိုးတိုးတက်စေကြောင်း၊ အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံကို မှန်ကန်စွာ သိရှိနားလည်ပြီး ထိပ်တိုက်ရင်ဆိုင်ရန်မဟုတ်ဘဲ ဆွေးနွေးပွဲ ကျင်းပရန်၊ Zero-sum မဟုတ်ဘဲ အပြန်အလှန်အကျိုးရရှိစေရန် စွဲကိုင်ထားကာ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များမှ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို အပြည့်အဝအကောင်အထည်ဖော်ပြီး တရုတ်-အမေရိကန်ဆက်ဆံမှု ပုံမှန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသို့ပြန်လည်ရောက်ရှိစေရန် မျှော်လင့်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။