အမေရိကန်သည် ဆီးရီးယားကို ပြောင်ပြောင်တင်းတင်း လုယူသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2023-01-18 18:03:47  

ယခုလ ၁၇ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဝမ်းဝင်ပင်းက အမေရိကန်သည် ဆီးရီးယားကို ပြောင်ပြောင်တင်းတင်း လုယူသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟု ဖော်ပြကြောင်း သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် ယခုလ ၁၄ရက်နေ့က ဆီးရီးယားနိုင်ငံရှိ အမေရိကန်၏ တရားမဝင်စစ်တပ်များသည် ရေနံတင်ထရပ်ကား ၅၃ စီးဖြင့် ဟာဆာကာပြည်နယ်မှ ရေနံအရင်းအမြစ်များကို ခိုးထုတ်ပြီး အီရတ်ရှိ အမေရိကန်စစ်စခန်းများသို့ ပို့ဆောင်သည်ဟု ဆီးရီးယား အမျိုးသား သတင်းဌာနမှ သတင်းအရ သိရပါသည်။