ဗြိတိန်သည် စစ်လက်နက်များ ယူကရိန်းအား ဆက်လက် ထောက်ပံ့ပေးမည်ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဆို

(GMT+08:00)2023-01-18 18:05:08  

    ဗြိတိန်နိုင်ငံသည် စစ်လက်နက် အသစ်တစ်သုတ်ကို ယူကရိန်းနိုင်ငံအား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဝေါလက်စ်က ဒေသစံတော်ချိန် ၁၆ ရက်နေ့က အတည်ပြုပြောကြားခဲ့ပါသည်။ ၄င်းတို့အနက် Challenger 2 တင့်ကား ၁၄ စီး၊ AS90 အမြောက် အလုံးပေါင်း ၃၀၊ သံချပ်ကာယာဉ် အစီးရေ ၁၀၀၊ ဒါဇင်နှင့် ချီသောဒရုန်းနှင့် ရာနှင့်ချီသောအဆင့်မြင့် ဒုံးကျည်များပါဝင်ကြောင်းသတင်းအရ သိရပါသည်။