ကျွန်ုပ်တို့အားလုံး ဆွေမျိုးပေါက်ဖော်တွေပါ(အပိုင်း-၄)

(GMT+08:00)2023-01-26 20:00:46  

မြန်မာနိုင်ငံမှ ခင်ခင်၊ သီသီ၊ အေမီ၊ စုစုနွယ်၊ မမဆွေတို့လို မြန်မာလုပ်သားတွေဟာ ရွှေလီမြို့ကို ကိုဗစ် မဖြစ်ခင်မှာ နေရာဒေသမျိုးစုံကနေ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာခဲ့ကြပြီး တရုတ်စက်ရုံ၊ အလုပ်ရုံတွေမှာ ကိုယ်စီ အလုပ်၀င်လုပ်ကြပါတယ်။ သူတို့ တရုတ်ပြည်ရွှေလီမြို့ကို ရောက်ပြီး နောက်ပိုင်း မှာတော့ ကိုဗစ်နဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ တရုတ်ပြည်မှာ ကိုဗစ်ဖြစ်တဲ့အချိန် သူတို့ဟာ သူတို့ရဲ့ မိခင်မြန်မာနိုင်ငံကို မပြန်ဘဲ တရုတ်ပြည် ရွှေလီမှာပဲ ဆက်လက် နေထိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က တစ်နေ့ ကိုဗစ်တွေပြီးသွားရင် တရုတ်ပြည်မှာ အလုပ်ဆက်လုပ်ပြီး မြန်မာနိုင်ငံက မိသားစုအတွက် ပိုက်ဆံရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ သူတို့တွေ ကိုဗစ်ကာလမှာ အများနည်းတူ အလုပ်မရှိတော့တဲ့ ပြသနာတွေလည်း ကြုံခဲ့ရပါတယ်။ ကံကောင်းတာကတော့ တရုတ်အလုပ်ရှင်ရဲ့ အာမခံ ပေးမှုကြောင့် သူတို့မှာ နေစရာလေးတစ်ခု ရရှိခဲ့ကြပါတယ်။ ဒီလိုနဲ့ ကိုဗစ်ဖြစ်ပွားမှု လျော့နည်းစ ပြုလာတဲ့ အချိန်မှာ မြန်မာအလုပ်သမားတွေအားလုံး ကိုယ်စီ အလုပ်ရှာကြပါတော့တယ်။ အဲ့ဒီမှာ အများစုက အရုပ်ခေါင်းမှာ ဆံပင်အတု စိုက်တဲ့ အလုပ်ကို ၀င်ရောက်လုပ်ကိုင်ကြပါတယ်။ သူတို့ ရွှေလီမှာ အလုပ်လုပ်ရင်း တရုတ်ပြည်ဟာ သူတို့အတွက် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဆက်ဆံမှုရှိတဲ့နေရာ၊ နှစ်နိုင်ငံချစ်ကြည်မှု အစဉ် တိုးတက်နေတဲ့နေရာ၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ဖွံ့ဖြိုးနေတဲ့ နေရာအဖြစ် သူတို့ အသိအမှတ်ပြုကြပါတယ်။

 

ဒီဇာတ်လမ်းထဲမှာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုဆောင်တဲ့ တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူ အချင်းချင်း ချစ်ခင်ရင်းနှီးမှုနဲ့ နွေးထွေးမှုရှိတဲ့အကြောင်းများ၊ တရုတ်-မြန်မာ မီးရထားလမ်းအကြောင်း၊ နှစ်ပြည်တစ်ရွာအကြောင်း၊ ရွှေလီမြို့မှာ တရုတ်လုပ်ငန်းရှင်များနဲ့ မြန်မာအလုပ်သမားများ အတူတကွ နေထိုင်အလုပ်လုပ်ကိုင်ကြမှုများ၊ တရုတ်မြန်မာ လက်မှတ်ရေးထိုးထားတဲ့ စီမံကိန်းများအကြောင်းကို အထူး တွေ့မြင်ကြားသိရမှာ ဖြစ်ပါတယ်။