ရှီကျင့်ဖိန်သည် ဒီမိုကရေစီပါတီများမှ ဗဟိုကော်မတီများ၊ ပြည်လုံးဆိုင်ရာစက်မှုနှင့် ကုန်သွယ်မှုအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

(GMT+08:00)2023-01-17 14:11:57  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းကဘေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ ဒီမိုကရေစီပါတီများမှ ဗဟိုကော်မတီများ၊ ပြည်လုံးဆိုင်ရာစက်မှုနှင့် ကုန်သွယ်မှုအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီးတရုတ် ရိုးရာနှစ်သစ်ကိုအတူ ကြို ဆိုကြပါသည်။

ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီကိုယ်စား၊ ဒီမိုကရေစီပါတီအသီးသီးမှ ဗဟိုကော်မတီများ၊ ပြည်လုံးဆိုင်ရာစက်မှုနှင့် ကုန်သွယ်မှုအသင်းချုပ်မှ မကြာခင်ကအရွေးခံထားရသည့် ခေါင်းဆောင်များအားလှိုက်လှိုက်လှဲလှဲထောမနာပြုပါကြောင်း၊ ဒီမိုကရေစီပါတီများ၊ ပြည်လုံးဆိုင်ရာစက်မှုနှင့် ကုန်သွယ်မှုအသင်းချုပ်၊ တစ်သီးပုဂ္ဂလများ၊ ညီညွတ်ရေးတပ်ပေါင်းစုအားစိတ်ရင်းမှန်ဖြင့် နွေဦးပွဲတော် နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်းပါကြောင်းဖေါ်ပြခဲ့သည်ဟုChina Media Groupမှ သတင်းအရသိရပါသည်။