နီပေါ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်တူဝမ်းနည်းကြောင်း ပြောကြား

(GMT+08:00)2023-01-17 16:27:02  

ဇန်နဝါရီလ ၁၅ ရက်နေ့က နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့်  ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူ မတွေ့ရသေးပေ။ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က သက်ဆိုင်ရာ မေးမြန်းချက်များကို ဖြေကြားရာတွင် ယင်းသည် ကြေကွဲဝမ်းနည်းစရာ တစ်ခုဖြစ်ကြောင်း၊ ဤဝမ်းနည်းပူဆွေးကြေကွဲသည့်အချိန်တွင် နီပေါနိုင်ငံ၏ အစဉ်အလာကောင်းသောမိတ်ဆွေနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် နီပေါပြည်သူများ၏ ခံစားချက်များကိုထပ်တူခံစားရကြောင်း၊ မိမိသည် လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့သူများအတွက် ၀မ်းနည်းကြေကွဲပြီး ကျန်ရစ်သူ မိသားစုများအား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်လိုပါကြောင်းပြောကြားခဲ့ပါသည်။