ပထမအကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေး၏ ရလဒ်များကို ဖေါ်ဆောင်မည်ဟု ချင်ကန်း ဆို

(GMT+08:00)2023-01-17 14:26:32  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ကန်းက ကိုင်ရိုမြို့၌ အာရပ်နိုင်ငံများအဖွဲ့ အတွင်းရေးမှူးချုပ် Gheitနှင့် ပြုလုပ်သော ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပထမအကြိမ် တရုတ်-အာရပ် နိုင်ငံများ ထိပ်သီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပခဲ့ပြီး အောင်မြင်မှုရလဒ်များစွာ ရရှိခဲ့ကြောင်း၊ ထိပ်သီးအစည်းအဝေးတွင် "ပထမအကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေး ရီယတ်ကြေညာစာတမ်း"၊ "တရုတ်-အာရပ် ဘက်စုံပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအကျဉ်းချုပ်" နှင့် "ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သော တရုတ်-အာရပ် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု နက်ရှိုင်းစေရေး စာတမ်း" အပါအဝင် အရေးကြီး ရလဒ်စာတမ်း (၃) ရပ်ကိုထုတ်ပြန်ခဲ့ကြောင်း၊ ခေတ်သစ် တရုတ်နှင့် အာရပ်နိုင်ငံများ ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန် သဘောတူကြကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။