နှစ်သစ်ကူးဖို့ Huang Qigangက ကိုယ်တိုင်မောင်းခဲ့ဖူးတဲ့ ရထားကို စီးပြီး ချင်းဟိုင်-တိဗက်လမ်းတစ်လျှောက်အတိုင်း အိမ်ပြန်

(GMT+08:00)2023-01-17 15:53:53  

အသက် ၄၃နှစ်အရွယ်ရှိတဲ့ Huang Qigangက နှစ်သစ်ကူးဖို့အတွက် အိမ်သို့ နောက်ဆုံးအကြိမ် ပြန်ခဲ့တာကို မမှတ်မိပါဘူး။ လူအများစုအတွက် "နွေဦးပွဲတော် ပို့ဆောင်ရေး"ဟာ မိသားစုပြန်လည်ဆုံဆည်းခြင်းလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မီးရထား မောင်းသူဟောင်း Huang Qigang အတွက် ဒီအချိန်က နှစ်စဉ် အရေးအကြီးဆုံး အလုပ်ချိန်ဖြစ်ပါတယ်။ ဒီနှစ်နွေဦးပွဲတော်မှာတော့ Huang Qigangက အိမ်ပြန်နိုင်ခဲ့ပါပြီ။ ကုန်းပြင်မြင့်ရထားလိုင်းမှာ (၁၈)နှစ်ကြာ အလုပ်လုပ်ခဲ့ပြီးတော့ ရထားအမျိုးအစား (၁၀)မျိုး မောင်းနှင်ခဲ့ဖူးတဲ့ Huang Qigang ဟာ အခုတော့ "နွေဦးပွဲတော် ပို့ဆောင်ရေး" ခရီးသည်တစ်ဦး ဖြစ်လာခဲ့ပါတယ်။