Burkina Faso မြောက်ပိုင်းဒေသတွင် အမျိုးသမီး ၅၀ ကျော် ပြန်ပေးဆွဲခံရ

(GMT+08:00)2023-01-17 15:30:11  

     Burkina Faso နိုင်ငံမြောက်ပိုင်း Sahel ဒေသကြီး Sum ပြည်နယ်တွင် အမျိုးသမီး ၅၀ ကျော်ကို လက်နက်ကိုင်သမားများက ပြန်ပေးဆွဲခဲ့ကြောင်း Burkina Faso အစိုးရက ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါသည်။ လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပြုလုပ်နေဆဲဖြစ်ပါသည်။

    ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင် အရာရှိ တာ့ခ်သည် ၁၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး ယင်းဖြစ်စဉ်ကို တုန်လှုပ်မိကြောင်း ဖော်ပြကာ ပြန်ပေးဆွဲခံရသော အမျိုးသမီးအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တိုက်တွန်းလိုက်ပါသည်။