ရှန်ဟိုင်း Disneyland တွင် နှစ်သစ်ကူး မီးရှူးမီးပန်းပြပွဲ ကျင်းပ

(GMT+08:00)2023-01-17 15:23:51  

   ယခုလ ၁၅ ရက်နေ့က ရှန်ဟိုင်း Disneyland တွင် နှစ်သစ်ကူး မီးရှူးမီးပန်းပြပွဲကို ကျင်းပပြီး၊ လှပသော မီးရှူးမီးပန်းများသည် ညကောင်းကင်ကို ထိန်လင်းစေခဲ့ပါသည်။ တရုတ်ရိုးရာနှစ်သစ်ကူးနွေဦးပွဲတော်ရောက်ခါနီးတွင် ရှန်ဟိုင်း Disneyland တွင် နှစ်သစ် အငွေ့အသက်များ ပိုမိုများပြားစွာတွေ့လာပြီး Disney ဇာတ်ကောင်များသည် နှစ်သစ်ကူးဝတ်စုံများ ၀တ်ဆင်ပြီး ဒေသအရပ်ရပ်မှ ခရီးသည်များအား ကြိုဆိုကြသည်ဟု သတင်းအရသိရပါသည်။