WHO သည် ကိုဗစ်-၁၉ကပ်ရောဂါကို တုံ့ပြန်ရန် တရုတ်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို အထူးချီးကျူးသည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောကြား

(GMT+08:00)2023-01-17 14:16:31  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်နိုင်ငံနှင့် WHOဒါရိုက်တာချုပ် Tedrosတို့တယ်လီဖုန်းဖြင့် ဆက်သွယ်သည့်အကြောင်းကိုပြောကြားရာတွင် WHO ၏ အတွင်းရေးမှူးရုံးနှင့် ဒါရိုက်တာချုပ် Tedrosတို့သည် တရုတ်နိုင်ငံအားWHO နှင့် ကပ်ရောဂါကို ကာလရှည်ကြာ နည်းပညာဖလှယ်မှုနှင့် အချက်အလက်မျှဝေပေးမှုအတွက် ကျေးဇူးတင်ကြောင်း၊ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် နည်းပညာဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ခိုင်မာစေရန်နှင့် ကမ္ဘာ့ကျန်းမာရေးလုံခြုံမှုကို ပူးတွဲထိန်းသိမ်းရန် နှစ်ဖက်သဘောတူကြကြောင်း ၁၆ ရက်နေ့ကပြောကြားခဲ့ပါသည်။