ပျက်ကျခဲ့သည့် လေယာဉ်၏ black box ကို တွေ့ရှိ

(GMT+08:00)2023-01-17 14:17:25  

နီပေါနိုင်ငံအလယ်ပိုင်း ပိုခရာဒေသတွင် ပျက်ကျခဲ့သည့် နီပေါခရီးသည်တင်လေယာဉ်၏ black box ကို ရှာဖွေကယ်ဆယ်ရေး ဝန်ထမ်းများက တွေ့ရှိခဲ့ကြောင်း နီပေါမြို့ပြလေကြောင်း အေဂျင်စီမှ တာဝန်ရှိသူက ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ နီပေါ စနိုးမန် လေကြောင်းကုမ္ပဏီမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် နီပေါနိုင်ငံအလယ်ပိုင်း ပိုခရာဒေသရှိ ဆယ်တီ မြစ်ချောင်းအနီး၌ ၁၅ရက်နေ့က ပျက်ကျခဲ့တာဖြစ်သည်။ ပျက်ကျခဲ့သော လေယာဉ်ပေါ်တွင် ခရီးသည် ၆၈ ဦးနှင့် လေယာဉ်အမှုထမ်း ၄ ဦးပါဝင်ပြီး ၄င်းအနက် နိုင်ငံခြားသား ၁၅ ဦး ပါဝင်ကြောင်းသိရပါသည်။