ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၃ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကိုဆွစ်ဇာလန်နိုင်ငံဒါဗို့စ်၌ စတင်ကျင်းပ

(GMT+08:00)2023-01-17 15:25:22  

ဒေသစံတော်ချိန် ၁၆ ရက်နေ့ ည ၆ နာရီခန့်က ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၃ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကိုဆွစ်ဇာလန်နိုင်ငံဆီးနှင်းတောင်မြို့လေးဖြစ်သည့်ဒါဗို့စ်၌ ကျင်းပခဲ့ပါသည်။ ကမ္ဘာပေါ်ကနာမည်အကြီးဆုံးသောစီးပွားရေးဖိုရမ် အနေနှင့် ယခုအကြိမ် ကမ္ဘာ့ စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေး၏ ဆောင်ပုဒ်မှာ "ကွဲပြားသောကမ္ဘာတွင် ပူးပေါင်းဆောင်ရွက်မှုကိုအားကောင်းစေသည်"ဖြစ်သည်။ နိုင်ငံနှင့် ဒေသပေါင်း ၁၃၀ မှ အလွှာပေါင်းစုံ ခေါင်းဆောင် ၂၇၀၀ကျော်တို့သည် ယင်းအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်းသတင်းအရသိရပါသည်။