၂၀၂၃ ခုနှစ် နွေဦးပွဲတော်ညပဒေသာကပွဲ စတုတ္ထအကြိမ် အစမ်းလေ့ကျင့်မှုပြီးမြောက်

(GMT+08:00)2023-01-17 14:13:18  

ဇန်နဝါရီလ ၁၆ ရက်နေ့ကကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် China Media Group၏ ၂၀၂၃ ခုနှစ် နွေဦးပွဲတော်ညပဒေသာကပွဲ စတုတ္ထအကြိမ် အစမ်းလေ့ကျင့်မှု အဆင်ပြေချောမောစွာ ပြီးမြောက်ခဲ့ပါသည်။ပဒေသာကပွဲတွင် အနုပညာနှင့် ခေတ်မီနည်းပညာကိုရောနှောပေါင်းစပ်ထားသည့်ဆန်းသစ်တီထွင်မှုများအများအပြားပါဝင်ပါသည်။ နာမည်ကြီးတေးသံရှင်များနှင့် သရုပ်ဆောင်များသည် ပထမဆုံးအကြိမ်အဖြစ် ယခုအကြိမ် ပဒေသာကပွဲတွင် ပါဝင် တင်ဆက်ဖျော်ဖြေကြပြီးသုတရသမျိုးစုံများထည့်သွင်းဆောင်ကြဉ်းပေးလာသည်ဟုChina Media Groupမှ သတင်းအရသိရပါသည်။