တရုတ်နိုင်ငံထုတ်C919ခရီးသည်တင်လေယာဉ်ကြီးသည် စန်းတုန်းပြည်နယ်တွင် စမ်းသပ်ပျံသန်းမှု ပြုလုပ်

(GMT+08:00)2023-01-17 15:55:15  

ယခုလ ၁၅ ရက်နေ့က တရုတ်နိုင်ငံထုတ် C919ခရီးသည်တင်လေယာဉ်ကြီးသည် ချင်းတောင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး စမ်းသပ်ပျံသန်းမှု ပြုလုပ်ကြောင်းသိရပါသည်။

C919ခရီးသည်တင်လေယာဉ်သည် ချင်းတောင်သို့မရောက်ရှိမီ ရှန်ဟိုင်းမြို့၊ ဘေကျင်းမြို့၊ ချင်တူးမြို့၊ ရှီးအန်းမြို့ နှင့် ဟိုင်ခိုမြို့ စသည့်မြို့၅မြို့တို့ရှိ လေဆိပ်၆ခုတွင် စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ပြီး၊ ဆက်လက်၍ ဂျီနန်မြို့၊ နန်ချန်းမြို့၊ ဝူဟန့်မြို့၊ ဟေဖေမြို့၊ နန်ကင်းမြို့နှင့်ထိုက်ယွမ်မြို့တို့၌ စမ်းသပ်ပျံသန်းမှုကို ပြုလုပ်မည်ဖြစ်ကြောင်းသိရပါသည်။