တာ့ရှင်း လေဆိပ်တွင် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ လေကြောင်းခရီးစဉ်များကို ၁၇ ရက်နေ့မှစ၍ တရားဝင် ပြန်လည်စတင်

(GMT+08:00)2023-01-17 15:32:31  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၉နာရီက China Southern Airlines လေကြောင်းကုမ္ပဏီ၏ ပြင်ပလေကြောင်းခရီးစဉ် CZ309 သည် ပေကျင်း တာ့ရှင်းမှ ဟောင်ကောင်သို့ အဆင်ပြေချောမောစွာ ပျံသန်းနိုင်ခဲ့ပြီး တာ့ရှင်း လေဆိပ်တွင် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ လေကြောင်းခရီးစဉ်များ တရားဝင် ပြန်လည်စတင်ခြင်းဖြစ်ကြောင်း၊ ယင်းသည် တာ့ရှင်းလေဆိပ်တွင် ပြန်လည်စတင်သည့် ပထမဆုံး နိုင်ငံတကာနှင့် ဒေသဆိုင်ရာ လေကြောင်းလိုင်းလည်း ဖြစ်ကြောင်း သတင်းရရှိပါသည်။