အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် ၇နှစ်ပြည့်

(GMT+08:00)2023-01-16 15:49:38  

ဇန်နဝါရီလ ၁၆ရက်နေ့သည် တရုတ်နိုင်ငံက အဆိုပြုပြီး ထူထောင်ထားသည့် ပထမဆုံးသော ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းဖြစ်သည့် အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB)  ၇ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် ခုနစ်နှစ်တာကာလအတွင်း AIIB သည် နိုင်ငံပေါင်း ၃၀ ကျော်အတွက် ၄င်းတို့နိုင်ငံ၏ အခြေခံအဆောက်အအုံများ ဆောက်လုပ်ရေးကို ထောက်ပံ့ကူညီပေးခဲ့ပြီး ဒေသခံပြည်သူများ၏ ဘဝများကို မြှင့်တင်စေခဲ့ပါသည်။

စာရင်းအချက်အလက်များအရ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း AIIB သည် အခြေခံအဆောက်အအုံ    ဆောက်လုပ်ရေး၊ ဒေသတွင်းစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ဘဝမြှင့်တင်ရေးကဏ္ဍများတွင် စုစုပေါင်းစီမံကိန်း ၂၀၂ ခုကို အတည်ပြုခဲ့ပြီး ငွေရင်းဆွဲဆောင်မှု စုစုပေါင်း ပမာဏ အမေရိကန် ဒေါ်လာ ၃၈.၈ ဘီလီယံ ရှိကာ ယင်းစီမံကိန်းများကို ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် အကောင်အထည်ဖော်တည်ဆောက်ပါသည်။