တောင်ကိုရီးယား အဝေးပြေးလမ်းတစ်ခုပေါ်တွင် ကားအစီးရေ၄၀ ခန့်ယာဉ်ဆင့်တိုက်မှု ဖြစ်ပွား

(GMT+08:00)2023-01-16 15:54:21  

တောင်ကိုရီးယားနိုင်ငံ Gyeonggi-do ပိုချွန်းမြို့ရှိအဝေးပြေးလမ်းတစ်ခုပေါ်တွင် ၁၅ ရက်နေ့ညက ကားအစီး ၄၀ ခန့် ဆင့်တိုက်မိခဲ့ရာ ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါသည်။ ဒဏ်ရာရသူများကို အခင်းဖြစ်ပွားရာနေရာတွင် အရေးပေါ်ကုသ သို့မဟုတ် နီးစပ်ရာ ဆေးရုံကိုပို့ဆောင်ထားကြောင်း သိရပါသည်။