လန်ဒန်မြို့လမ်းမပေါ်တွင်ပစ်ခတ်မှုကြောင့် လူ၆ဦးဒဏ်ရာရရှိ

(GMT+08:00)2023-01-16 15:53:07  

ဇန်န၀ါရီလ ၁၅ရက်နေ့က ဗြိတိန်လန်ဒန်ရဲဘက်မှ ထုတ်ပြန်ချက်အရ ၁၄ ရက်နေ့ ညနေပိုင်းတွင် လန်ဒန်မြို့ရှိလမ်းမပေါ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မိန်းကလေး၂ဦးအပါအဝင် လူ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

ဒေသစံတော်ချိန် ၁၄ရက်နေ့ ညနေ ၁နာရီမိနစ် ၃၀ခန့်တွင် Euston မီးရထားဘူတာအနီးရှိ ဘုရားကျောင်းအပြင်ဘက်တွင် မောင်းနေသော ယာဉ်တစ်စီးပေါ်မှ လူအုပ်အား သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားကြောင်း သိရပါသည်။