အန်းဟွေးပြည်နယ် ရွှမ်းချင်နင်ကွယ်မြို့တွင် နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုကြ

(GMT+08:00)2023-01-15 15:38:30  

အန်းဟွေးပြည်နယ် ရွှမ်းချင်နင်ကွယ်မြို့ ဟူလယ်ခရိုင်တွင် မီးသုံးမျိုးအကပြသည့် ဓလေ့ထုံးစံရှိပြီး ငါးမီး၊ မြစ်မီးနှင့် နဂါးမီးကပြခဲ့သည်မှာ သမိုင်းကြာရှည်ပြီဖြစ်ကြောင်း၊ ယခုနှစ်များတွင် ဟူလယ်ခရိုင်က ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းဆက်ခံခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းကို ကြိုးပမ်းဆောင်ရွက်ပြီး အနုပညာကျေးရွာထူထောင်ကာ ယဉ်ကျေးမှုဆန်းသစ်တည်ထွင်ခြင်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ခြင်းကို အားသစ်လောင်းပေးကြောင်း၊ ယဉ်ကျေးမှုခရီးသွားလာရေးမိတ်ဆက်ခြင်း လှုပ်ရှားမှုများကျင်းပပြီး ခရီးသွားလာရေး လုပ်ငန်းကိုလည်း နာမည်ကျော်ကြားစေကြောင်း သတင်းအရ သိရပါသည်။