၂၀၂၃ခုနှစ် အမေရိကန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှု ဆက်လက် မြင့်မား

(GMT+08:00)2023-01-15 15:41:24  

   အမေရိကန်သားများ၏ ဘဏ္ဍာရေးအခြေအနေ ဆက်လက် ဆိုးရွားနေသည်ဟု စုံစမ်း စစ်ဆေးရေးစာတမ်း အများအပြားတွင် ရေးသားဖော်ပြပါသည်။ ငွေကြေးဖောင်းပွမှု မြင့်မားခြင်းကြောင့် နေထိုင်မှု အသုံးစရိတ် မြင့်တက်လာပြီး ၆၆ ရာခိုင်နှုန်းရှိသော အမေရိကန်တို့၏ ဘဏ္ဍာရေးအခြေအနေသည် အဆက်မပြတ် ဆိုးရွားလာပါသည်။ အမေရိကန် အကြံပေးကုမ္ပဏီ Edelman Financial Engines က ၂၀၂၂ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ခဲ့သော နောက်ဆုံးစာရင်းအရ ဝန်ထမ်း ၇၁ ရာခိုင်နှုန်းသည် လုပ်ခလစာ တိုးမြင့်လာသည်နှင့်အမျှ ဒလကြမ်း တိုးတက်လာသော နေထိုင်မှု အသုံးစရိတ်ကို လိုက်မမီနိုင်ဟု ယူဆကြပြီး ဘဏ္ဍရေးလုံခြုံမှု ခံစားရသူ အရေအတွက်သည် ၅ နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းလာကြောင်း သိရပါသည်။ စာတမ်းကို ဖြေဆိုသူ အများစုက ၂၀၂၃ခုနှစ်တွင် အခြေအနေ ပိုမို ဆိုရွားလာလိမ့်မည်ဟု ဖော်ပြခဲ့ပါသည်။