ကန်-ဂျပန်ခေါင်းဆောင်များ အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေး

(GMT+08:00)2023-01-15 15:39:58  

 အမေရိကန်သမ္မတ ဘိုင်ဒင်သည် ၁၃ ရက်နေ့က အိမ်ဖြူတော်၌ အလည်အပတ် ရောက်ရှိနေသော ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲအပြီးတွင် နှစ်ဖက်တို့က ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ပြီး အမေရိကန်နှင့် ဂျပန်တို့သည် ဂျီ-၇ အုပ်စုနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ခေါင်းဆောင်များအစည်းအဝေးစနစ် စသည်တို့ဖြင့် စီးပွားရေးနှင့် ရာသီဥတုပြောင်းလဲမှုစသည့် နယ်ပယ်များတွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးမည်ဖြစ်ကြောင်း ဖော်ပြပါသည်။