ဂျပန်၏ နျူကလီးယား ရေဆိုး ပင်လယ်ထဲသို့ ထုတ်လွှတ်မှု ဆုံးဖြတ်ချက်သည် ပြည်တွင်းပြည်ပမှ ကန့်ကွက်မှု ထပ်မံခံနေရ

(GMT+08:00)2023-01-15 15:40:41  

ယခုလ ၁၃ရက်နေ့က ဂျပန် Jiji Press စသည့် မီဒီယာများ၏ သတင်းထုတ်ပြန်ချက်များအရ ထိုနေ့က ဂျပန် အစိုးရသည် ဖူကူရှီမား အမှတ် ၁ နျူကလီးယား လျှပ်စစ်ဓါတ်အားပေး စက်ရုံမှ နျူကလီးယား ရေဆိုး ကိုင်တွယ်ဖြေရှင်းရေး ဆိုင်ရာ ကက်ဘိနက် အဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ရာ ယခုနှစ် နွေဦးရာသီနှင့် နွေရာသီ အတွင်း ဖူကူရှီမား အနီးရှိ ပင်လယ်ထဲသို့ နျူကလီးယား ရေဆိုး ကို စတင် ထုတ်လွှတ်မည်ဟု အတည်ပြုခဲ့ကြောင်း သိရပါသည်။

ဂျပန် အစိုးရ၏ နျူကလီးယား ရေ် ဆိုး ထုတ်လွှတ်ရန် အချိန်ဇယားကို ယခုအကြိမ် သတ်မှတ်ပေးခြင်းသည် ဂျပန် ပြည်တွင်းပြည်ပ ပြည်သူများမှ အာရုံစူးစိုက်မှုကို ခံရပါသည်။ ဂျပန် ပြည်လုံးဆိုင်ရာ တံငါလုပ်ငန်း အသင်း သမဂ္ဂ ဥက္ကဋ္ဌ မာဆာနိုဘူ ဆာကာမိုတိုက ထိုနေ့က NHKမှ အင်တာဗျူးကို ဖြေကြားရာတွင် နျူကလီးယား ရေ ဆိုး ပင်လယ်ထဲသို့ ထုတ်လွှတ်မှုကို ဆန့်ကျင်သည့် ရပ်တည်ချက်သည် လုံးဝ မပြောင်းလဲကြောင်း အလေးထား ပြောကြားသည်။