ဖိလစ်ပိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ၂၀သေဆုံး

(GMT+08:00)2023-01-15 15:37:15  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၄ရက်နေ့က ဖိလစ်ပိုင်အမျိုးသား ဘေးအန္တရာယ်လျှော့ချရေးကော်မတီ၏ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၂ရက်နေ့ကစ၍ ဖိလစ်ပိုင်နေရာဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လက်ရှိအချိန်အထိ မိုးရွာသွန်းမှုကြောင့် လူ၂၀သေဆုံးကာ ၈ဦးဒဏ်ရာရပြီး ၁ဦးပျောက်ဆုံးနေကြောင်း၊ လူပေါင်း ၅သိန်း၅သောင်းကျော်ဘေးသင့်၍ ၄င်းအနက် ၈သောင်းကျော်ရွှေ့ပြောင်းခဲ့ရကြောင်း သတင်းအရ သိရပါသည်။