သံတမန်ရေးနှင့် စေ့စပ်ဆွေးနွေးရေးတို့သည် အီရန်နျူကလီးယားပြဿနာကို ဖြေရှင်းရန် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

(GMT+08:00)2023-01-14 15:00:10  

အီရန်သည် သံတမန်ရေးနှင့် စေ့စပ်ဆွေးနွေးရေးတို့တွင် အီရန်နျူကလီးယား ပြဿနာကို ဖြေရှင်းရန်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်ဟု ပြတ်သားစွာ ယူဆကြောင်း၊ နိုင်ငံတကာမိသားစုကြီးအနေနှင့် အီရန်နျူကလီးယားပြဿနာကို ဖြေရှင်းရန် တောင်းဆိုခဲ့သော်လည်း လက်ရှိအမေရိကန်အစိုးရသည် ကတိခံဝန်ချက်ကို ချိုးဖေါက်ပြီး အရေးယူမှုကို ကျင့်သုံးကာ အကြောင်းပြချက်ကို ဖန်တီး၍ အီရန်နျူကလီးယားစာချုပ် လိုက်နာဆောင်ရွက်မှုကို ပြန်လည်စတင်ရန် ရွှေ့ဆိုင်းထားဆဲဖြစ်ကြောင်း ဇန်နဝါရီလ ၁၂ရက်နေ့ညက အီရန်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာဟီယန်က ပြောကြားခဲ့သည်ဟု အီရန်နိုင်ငံ Tasnim သတင်းအေဂျင်စီမှ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။