တရုတ်နိုင်ငံသည် ဂိုင်ယာနာ၏အရေးကြီး ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် အလွန်ရင်းနှီးသည်ဟု ဂိုင်ယာနာ သမ္မတ ပြောကြား

(GMT+08:00)2023-01-14 15:02:25  

    ဂိုင်ယာနာသည် ဂိုင်ယာနာနှင့် တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို တရားဝင်ထားရှိရန် ဆုံးဖြတ်ချက်ကို အမြဲတမ်းအလေးထားကြောင်း၊ ဂိုင်ယာနာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အဆင့်ကာလများတွင် တရုတ်နိုင်ငံသည် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ဆက်လက် လည်းပါဝင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဂိုင်ယာနာ၏ အရေးကြီး ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် အလွန်ရင်းနှီးကာ နှစ်နိုင်ငံ အကြား အပြန်အလှန်လေးစားကြောင်း၊ တရုတ်နှင့် ဂိုင်ယာနာတို့သည် အလွန်ရှင်းလင်းသော လမ်းကြောင်းကို ရေးဆွဲပြီး ယင်းလမ်းကြောင်းဖြင့် နှစ်ဖက်ဆက်ဆံရေးနှင့် နယ်ပယ် အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်ပြုလုပ်မည်ဖြစ်ကာ နိုင်ငံ၏စီးပွားရေးကို ကျားကန်ပေးသည့်အပြင် ပြည်သူများ၏ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တွန်းအားပေးမည် ဖြစ်ကြောင်း ဂိုင်ယာနာသမ္မတ Mohamed Irfaan Aliက China Media Groupမှ သတင်းထောက်၏အင်တာဗျူးကို ဖြေကြားရာတွင် ပြောကြားခဲ့ပါသည်။