မြန်မာနိုင်ငံ ရန်ကုန်မြို့မှ စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွား

(GMT+08:00)2023-01-14 12:03:08  

ဒေသစံတော်ချိန် ယခုလ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က မြန်မာနိုင်ငံ ရန်ကုန်မြို့ မှော်ဘီမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ မီးသတ်ဌာနမှ ထုတ်ပြန်ချက်အရ စက်ရုံ၏ စားသောက်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ မီးသတ်သမား စုစုပေါင်း ၅၀၀ ကျော်နှင့် မီးသတ်ကား ၆၀ ကျော်တို့ဖြင့် မီးငြိမ်းသတ်မှု ပြုလုပ်ခဲ့ကြပါသည်။ ထိုနေ့ည ၈ နာရီ ၄၅ မိနစ်ခန့်မှာ မီးလောင်မှုကို အခြေခံအားဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု သတင်းအရသိရပါသည်။