အမေရိကန်-ဂျပန် ပူးတွဲထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံအပေါ် အကြောင်းမဲ့သက်သက် ပြစ်တင်၊ "စိတ်ကူးယဉ်ရန်သူ" ဖန်တီးခြင်း ရပ်စဲရန် အမေရိကန်နှင့် ဂျပန်တို့အား တရုတ်နိုင်ငံက အသိပေး

(GMT+08:00)2023-01-14 12:02:23  

    အမေရိကန်-ဂျပန် "2+2" ပူးတွဲထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံအပေါ် အကြောင်းမဲ့ သက်သက် ပြစ်တင်ခြင်းလုပ်ရပ်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယခုလ ၁၃ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာ ရှင်းလင်းပွ္ပဲ၌ စစ်အေးအတွေးအခေါ်နှင့် အယူဝါဒရေးရာ မလိုမုန်းထားစိတ်များ စွန့်ပစ်ရန်၊ "စိတ်ကူးယဉ် ရန်သူ"ဖန်တီးခြင်း ရပ်စဲရန်နှင့် အာရှ-ပစိဖိတ် တည်ငြိမ်မှုကို နှောင့်ယှက်သည့် ဘေးအန္တရာယ် မပြုရန် အမေရိကန်နှင့် ဂျပန်တို့အား အသိပေးပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။