တရုတ်-ဥရောပ ရထားလမ်းတွင် ပြည်ပမှ နှစ်သစ်ကူး ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်

(GMT+08:00)2023-01-14 12:01:35  

    ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက ကာဇတ်စတန်နိုင်ငံမှ ဂျုံမှုန့် တန်ချိန် ၁၃၀၀ တင်ဆောင်လာသည့် တရုတ်-ဥရောပ မီးရထားသည် ရှီးအန်း အပြည်ပြည်ဆိုင်ရာ ဘူတာရုံသို့ ရောက်ရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ ပထမဆုံးသော တရုတ်-ဥရောပ မီးရထားလည်းဖြစ်ပါသည်။ ရှီးအန်းမြို့သို့ ချောမောစွာ ရောက်ရှိပြီး မကြာခင်ကျရောက်တော့မည့် နွေဦးပွဲတော်အတွက် ပြည်ပမှ ကုန်ပစ္စည်းများ သယ်ဆောင်လာတာဖြစ်ပါသည်။