Yaogan-37 ဂြိုဟ်တု အပါအ၀င် ဂြိုဟ်တု ၃လုံးကို တရုတ် အောင်မြင်စွာ လွှတ်တင်ခဲ့

(GMT+08:00)2023-01-14 15:00:45  

    ဇန်နဝါရီလ ၁၃ရက်နေ့ ညနေ ၃နာရီက တရုတ်နိုင်ငံ ကျိုချွမ်း ဂြိုဟ်တု လွှတ်တင်ရေးစင်တာ၌ လောင်းမတ်ခ်ျ-2D သယ်ဆောင်ရေးဒုံပျံဖြင့် Yaogan-37၊ Shiyan-22A နှင့် Shiyan-22B စသောဂြိုဟ်တု ၃လုံးကို အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ ကြောင်း၊ ဂြိုဟ်တုများသည် ကြိုတင်သတ်မှတ်ထားသောပတ်လမ်းသို့ ချောမွေ့စွာ ဝင်ရောက်ပြီး လွှတ်တင်ရေးတာဝန်များကို ပြီးပြည့်စုံအောင်မြင်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။