ကယ်လီဖိုးနီးယားနေရာအတော်များများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ သန်း၃၀ကျော် ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရ

(GMT+08:00)2023-01-13 01:44:41  

  ဆောင်းရာသီ မုန်တိုင်းကြောင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် နေရာအတော်များများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေဘေး ဖြစ်ပေါ်နေကြောင်း သိရပါသည်။ အမေရိကန်မီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် ၁၀ ရက်နေ့၌ ကယ်လီဖိုးနီးယားပြည်နယ်တွင် မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး  ကယ်လီဖိုးနီးယားရှိ လူ ၃၄ သန်းခန့်သည် ရေဘေး သတိပေး အနေအထားတွင်ရှိနေကြောင်း၊ ကယ်လီဖိုးနီးယားရှိ လူ ၁၀ ဦးတွင် ၉ ဦးသည် ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း၊ ယခုအကြိမ် ကယ်လီဖိုးနီးယားတွင် ဆောင်းရာသီမုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံး ခဲ့ကြောင်း သိရပါသည်။